အပိုင်း 1

အပိုင်း1 သိုင်းဝိညာဉ်နိုးထလာခြင်း တိုင်ဂန်တိုက်ကြီးမှာ အင်အားကြီးသူကိုသာ လေးစားကြပါသည်။တိုင်ဂန်တိုက်ကြီးမှာ လူတိုင်းက သိုင်းပညာကိုလေ့ကျင့်ကြပြီး သိုင်းတာအိုမှာ အထွပ်အထိပ်ကိုရောက်ရှိလိုကြပေသည်။ အစွမ်းထက် သိုင်းပညာရှင်တွေက ကမ္ဘာမြေကြီးရဲ့တည်ရှိမှုကိုလျစ်လျူရှုပြီး ကောင်းကင်ထိတိုင်တက်လှမ်းနိုင်ကြကာ တောင်တွေကိုဖြိုခြင်း ပင်လယ်ရေတွေကိုခန်းခြောက်အောင်ပြုလုပ်နိုင်ကြကာ အရာအားလုံးကိုအုပ်စိုးနိုင်ကြပါသည်။အားနဲသူတွေကတော့ မကျေနပ်မှူတွေကို မျိုသိပ်ရင်း အနိုင်စော်ကားခံရမှုတွေနဲ့ပဲ နေကြရလိမ့်မယ်။ မင်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်ရင် မင်းရဲ့ သိုင်းဝိညာဉ်ကို နိုးထနိုင်ရမယ်။သိုင်းဝိညာဉ်ကနေတစ်ဆင့် ကောင်းကင်နဲ့မြေကြီးကြားက ဝိညာဉ်ရေးရာကီတွေကိုဆက်သွယ်နိုင်လမ့်မယ်။ သိုင်းဝိညာဉ်တွေဟာလဲ အမျိုးမျိုးရှိကြလေသည်၊သားရဲအမျိုးအစားသိုင်းဝိညာဉ်၊လက်နက်အမျိုးအစားသိုင်းဝိညာဉ်နဲ့ သဘာဝအမျိုးအစားသိုင်းဝိညာဉ် စသည်ဖြင့် ရှိကြလေသည်။ ကောင်းကင်ဘုံကိုအံတုလို့ မာန်မာနအလွန်ကြီးကြတဲ့ အချို့အစွမ်းထက်ပညာရှင်တွေကတော့ သန္ဓေပြောင်းသိုင်းဝိညာဉ်တွေကိုပိုင်ဆိုင်ကြပါသည်။သိုင်းဝိညာဉ်တွေကို အဆင့်ကြီးလေးဆင့်ခွဲထားပါတယ်။ကောင်းကင်၊ကမ္ဘာမြေ၊အနက်ရောင်နဲ့အဝါရောင်ဟူ၍ရှိကြကာ အဆင့်တစ်ဆင့်စီတိုင်းမှာ အဆင့်ငယ်ဆယ်ဆင့် ပြန်ခွဲထားပါတယ်။ သိုင်းဝိညာဉ်တွေရဲ့အဆင့်အတန်းက သိုင်းပညာရှင်တွေအပေါ် များစွာအကြိုးသက်ရောက်မှုရှိလေသည်။အခြားတစ်ဖက်မှာလဲ သိုင်းပညာရှင်က နောက်တစ်ဆင့်တက်သွားတဲ့အခါ သူတို့ရဲ့အဆင့်အလိုက် သိုင်းဝိညာဉ်တွေကလဲ သန်မာလာလိမ့်မယ်။ တာ့ရင်အင်ပါယာ၊ ဟွန်အန်မြို့တော်၊ချူးကလန် လူငယ်တစ်ယောက်ဟာကျောက်တုံးကြီးတစ်တုံးပေါ်မှာ ပျင်းရိစွာနဲ့ထိုင်နေတယ်။သူ့မျက်နှာလေးကငယ်ရွယ်ပြီး နူးညံ့သိမ်မွေ့ပုံရပြီး မျက်လုံးတွေကတော့ နက်ရှိုင်းတဲ့အသွင်ကိုဆောင်ပါတယ်။လူငယ်က အသက်15၊16နှစ်အရွယ်လောက်ပဲရှိလိမ့်မည်။သူ့အသွင်ပြင်ချောမောခန့်ညားကာ ဓါးတစ်ချောင်းကို ထွင်းထုထားသည့်ပုံနှယ်။မျက်ခုံး‌အစုံက ဓါး‌တစ်ချောင်းလိုဖြစ်နေပြီး မျက်လုံးအစုံက ကြယ်ပွင့်လေးတွေလိုတလက်လက်တောက်နေပါသည်။တကယ့် သူရဲကောင်းတစ်ယောက်လိုပါပဲ။ သို့သော်လဲ သူ့မျက်လုံးထဲမှာ ဘဝကြီးတစ်ခုရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ဝမ်းနဲပူဆွေးမှုတွေ ထင်ပေါ်နေကာ ဒါက သူ့အသက်အရွယ်နဲ့ ရှိနေသင့်တဲ့အရာမဟုပ်ပေ။ "ငါဒီကိုရောက်နေတာ16နှစ်ရှိပြီ ဒီနေ့က ငါဟာ နဂါးလားတီကောင်လားဆိုတာ ရှင်းရှင်းလင်းလင်းသိရမယ့်နေ့ပဲ" လူငယ်ရဲ့မျက်လုံးထဲမှာ ထက်သန်တဲ့စိတ်ဆန္ဒတွေအပြည့်နဲ့။ဒီမရင့်ကျက်သေးတဲ့ကောင်လေးတစ်ယောက်ရဲ့ ခန္ဒာကိုယ်ထဲမှာ အသက်30အရွယ်လူတစ်ယောက်ရဲ့ ဝိညာဉ်ရှိနေလိမ့်မယ်လို့ ဘယ်သူမှထင်ထားမှာမဟုပ်ဘူး။ သူ့နံမယ်ကချူးယွန် သူကဒီကမ္ဘာကမဟုပ်ဘူး၊ ရှင်းရှင်းပြောရရင်21ရာစု ကမ္ဘာမြေပေါ်က တရုတ်အထက်လွှာတွေကဆင်းသက်လာတာပါ။ ‌တရုတ်ပြည်ကို အကြီးဆုံးသူခိုးအဖွဲ့ကြီး လာနေတယ်ဆိုတဲ့သတင်းနဲ့ ဘီလီယံနဲ့ချီတဲ့ ရှေးဟောင်းယဉ်‌ကျေးမှုပစ္စည်းတွေပါသွားတယ်ဆိုတဲ့သတင်းက ကမ္ဘာတစ်ဝှမ်းကို တုန်လှုပ်စေခဲ့လေသည်။ တရုတ်တွေမျက်နှာပျက်ရတာကိုပြန်အဖတ်ဆယ်ဖို့နဲ့ တရုတ်စစ်သားတွေရဲ့ဂုဏ်သိက္ခာအတွက် ခိုးယူခံရတဲ့ရှေးဟောင်းပစ္စည်းတွေကို ပြန်လည်ရယူဖို့ရာ ချူးယွန်တို့အဖွဲ့ကို အမိန့်ပေးတာခံခဲ့ရပါသည်။ဒီလိုနဲ့ ရှာဖွေစုံစမ်းရင်းနဲ့ သူ့အဖွဲ့ထဲကအကုန်သေကုန်ကြပြီးနောက် ချူးယွန်ဟာ တစ်ကိုယ်တော်အထီးကျန်သူရဲကောင်းတစ်ယောက်သဖွယ် ဖြစ်လာခဲ့ပါတယ်။ ချူးယွန်လဲ ကျားတစ်ကောင်လို ရဲဝံ့စွာနဲ့ရန်သူတွေကြား ဝင်ရောက်သွားပြီး ‌သူခိုးအယောက်20ကျော်အကုန်လုံးကို သုတ်သင်နိုင်ခဲ့ကာ ရှေးဟောင်းပစ္စည်းတွေကိုပြန်ရယူနိုင်ခဲ့ပါသည်။ဒါပေမယ့် သူလဲ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သွေးထွက်လွန်ကာ သတိလစ်မလို ဖြစ်လာခဲ့ရသည်။ဒီအချိန်မှာပဲ အတုအယောင်လော တစ်ကယ်လောမသိရတဲ့ အရိပ်ကြီးတစ်ခု သူ့သွေးတွေစွန်းထင်းနေတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကနေ ထွက်ပေါ်လာကာ သူ့မျက်ခုံးနှစ်ခုကြားဝင်ရောက်သွားခဲ့ပြီး ထို့နောက် သူလဲသတိလစ်သွားတော့သည်။ သူပြန်သတိရလာတဲ့အခါမှာတော့ တိုင်ဂန်တိုက်ကြီးက သေဆုံးသွားတဲ့ကလေးလေး ချူးယွန်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်နေတာ သိလိုက်ရပါသည်။ဒီလိုနဲ့သူဟာ ကမ္ဘာသစ်ကိုနားလည်နိုင်ဖို့အတွက် ကြိုးစားနေခဲ့ရလေသည်။ အချိန်တွေဟာတရွေ့ရွေ့ကုန်ဆုံးသွားပြီး မျက်စေ့တစ်မှိတ်အတွင်းမှာပင် ဆယ့်ခြောက်နှစ် ကုန်ဆုံးသွားခဲ့ပါပြီ။တိုင်ဂန်တိုက်ကြီးမှာတော့ အသက်ဆယ့်ခြောက်နှစ်ပြည့်ပါက သူတို့ရဲ့သိုင်းဝိညာဉ်တွေကိုနိုးထနိုင်ကြလေသည်။ထိုအချိန်ကစပြီး ကောင်းကင်နဲ့မြေကြီးကြားက ဝိညာဉ်ရေးရာကီစွမ်းအင်တွေကိုစုပ်ယူနိုင်ဖို့အတွက် သူတို့ရဲ့သိုင်းဝိညာဉ်ကို မှီခိုအားထားရပေမည်။သိုင်းဝိညာဉ်ရဲ့အဆင့်အတန်းသန်မှာမှုက ကျင့်ကြံသူတွေအတွက်တော့ များစွာ အရေးပါလှပေသည်။ ဟွန်အန်မြို့တော်လိုနေရာမျိုးမှာတော့ တကယ်လို့ အဝါရောင်အဆင့်ငါးသိုင်းဝိညာဉ်ကိုနိုးထနိုင်ပါက ပါရမီရှင်တစ်ယောက်အဖြစ် ညွှန်းဆိုခံရကာ လူသိများကျော်ကြားပေမည်။တကယ်လို့ အဝါရောင်အဆင့်ခြောက်သိုင်းဝိညာဉ်နိုးထနိုင်ပါက သူ့ကို ရတနာတစ်ခုနှယ်တန်ဖိုးထားခြင်းခံရပေလိမ့်မည်။ "ဒီနေ့က သိုင်းဝိညာဉ်နိုးထခြင်းပွဲနေ့ပဲ။ချူးမိသားစုအတွက်လဲ အရေးပါတဲ့နေ့ဖြစ်တယ်။ငါချူးတိုင်ကွန်က ဒီနေ့အရေးကြီးတဲ့အရာတစ်ခုကို ကြေညာပါမယ် " သိုင်းဝိညာဉ်နိုးထခြင်းအခန်းအနားမစတင်မီမှာပင် ထူးခြားတဲ့ဟန်ပန်အမူအရာတွေပိုင်ဆိုင်ထားတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး လမ်းလျှောက်ဝင်လာခဲ့ပါသည်။ ပင်ပန်းနေပုံပေါက်နေပေမယ့် သူ့မျက်လုံးထဲက စိတ်လှုပ်ရှားမှုကိုတော့ ဖုံးကွယ်ထားဖို့ခက်ခဲပေသည်။ "ခေါင်းဆောင် " ချူးကလန်သားတွေဟာ သူတို့ရဲ့ခေါင်းတွေကိုလှည့်လိုက်ကြပြီး သတ်လတ်ပိုင်းလူကြီးကို အာရုံစိုက်ကြည့်လိုက်ကြတယ်။ သူကတော့ချူးမိသားစုရဲ့ခေါင်းဆောင် ချူးယွန်ရဲ့အဖေ ချူးတိုင်ကွန်ပါ။ချူးယွန်ဟာချက်ချင်းမပ်တပ်ထရပ်လိုက်သလို သူ့မျက်လုံးထဲမှာတော့ သိချင်စိတ်တွေနဲ့ ပြည့်နှက်နေလေသည်။သူ့ရဲ့ဂုဏ်သိက္ခာအပြည့်နဲ့ စမတ်ကျကျလူအုပ်ကိုလှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ချူးယွန်ဆီမှာသူ့အကြည့်က ရပ်တန့်သွားခဲ့လေသည်။ "နောက်သုံးနှစ်အတွင်းမှာပဲ ယွန်အာကို မိသားစုခေါင်းဆောင်ရာထူးပေမယ်။လူတိုင်းပဲ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာပြောစရာရှိသေးလဲ" "ဘာ" ချူးမိသားစုရဲ့အကြီးအကဲတွေအကုန်လုံး အံ့အားသင့်ကုန်ကြလေသည်။ဒီဆုံးဖြတ်ချက်က အရမ်းကိုမြန်ဆန်လွန်းတယ်မဟုပ်လား။ ချူးယွန်ရဲ့တိုးတက်မှုနှုန်းက အလွန်ကိုမြန်ဆန်ခဲ့ပါသည်။သူ့ရဲ့အသက်အရွယ်နဲ့ မလိုက်အောင် တည်ညိမ်အေးဆေးစွာနေပြီး သူ့စိတ်နေစိတ်ထားက ရွယ်တူလူငယ်တွေထက်ပို ထူးခြားခဲ့ပါသည်။ သိုင်းပညာလမ်းစဉ်မှာလဲ သူက အလွန်ကောင်းမွန်တဲ့ ပင်ကိုယ်ပါရမီရှိလေသည်။သူအသက်ဆယ်နှစ်မှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်ချနိုင်ခဲ့ပြီး ဆယ်ငါးနှစ်မှာတော့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေကို လက်ဗလာနဲ့သတ်နိုင်နေပြီဖြစ်သည်။ သူ့သိုင်းဝိညာဉ်က မနိုးထသေးပေမယ့်လဲ အဆင့်နိမ့်သိုင်းဝိညာဉ်ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သူမှမယုံကြည်ပေ။ဒါပေမယ့်လဲ နောက်သုံးနှစ်ကြာသွားရင်တောင်မှ သူဟာ အသက်ဆယ့်ကိုးနှစ်ပဲရှိဦးမှာပါ။ဒီအသက်အရွယ်လေးနဲ့သူက မိသားစုခေါင်းဆောင်နေရာကို ဘယ်လိုတာဝန်ယူနိုင်မှာလဲ? "ငါကန့်ကွက်တယ်၊ချူးယွန်ကအသက်ငယ်သေးတဲ့အတွက် ဒီလောက်ကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်ဖို့က သူ့အတွက်ခက်တယ်" ချူးမိသားစုရဲ့အကြီးအကဲချူးဝမ်ကင်းက မျက်မှောင်ကြုတ်ပြီးထရပ်လိုက်သည်။ ချူးတိုင်ကွန်က ချူးဝမ်ကင်းကိုကြည့်လိုက်ပြီး အပြုံးလေးနဲ့ပြောလိုက်တယ် "အိုး ငါ‌တစ်ခုပြောဖို့မေ့နေတာက တီအန်တာအိုဂိုဏ်းရဲ့ တပည့်သစ်စုဆောင်းမယ့်နေရာကို ဟွန်အန်မြို့ကို‌ပြောင်းဖို့ ငါလုပ်ပြီးပြီ" ဒီစကားသံကြားတော့ လူတိုင်းက လေအေးကြီးကိုရှုလိုက်မိကြသည်။ အစောပိုင်းက ချူးတိုင်ကွန်ကိုဆန့်ကျင်ပြောဆိုခဲ့ကြသည့် အကြီးအကဲချူးဝမ်ကင်းဟာဆိုရင်ဖြင့် အခုအချိန်မှာတော့ အံ့ဩပြီး စကားမပြောနိုင်လောက်အောင်ဖြစ်သွားခဲ့ရသည်။ ဘယ်သူမှငတုံးတွေမဟုပ်ဘူး၊ချူးတိုင်ကွန်က ချူးယွန်အတွက်လမ်းခင်းပေးနေတာ လူတိုင်းသိတယ်။တီအန်တာအိုဂိုဏ်းက တာ့ရင်အင်ပါယာအနီးတဝိုက်မှာ အသန်မာဆုံးကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး တာ့ရင်အင်ပါယာက လူငယ်လေးတွေအကုန်လုံး တောင့်တနေခဲ့ကြသည့်သန့်ရှင်းတဲ့နယ်မြေတစ်ခုပါ။ လူငယ်ပါရမီရှင်တွေဆုံးရှုံးရမှုကိုကာကွယ်ဖို့အတွက် ခွင့်ပြုချက်မရှိတဲ့သူတွေ စာမေးပွဲဝင်မဖြေဖို့အတွက် တီအန်တာအိုဂိုဏ်းက တင်းကျပ်တဲ့အမိန့်ကိုထုတ်ပြန်ခဲ့လေသည်။သုံးနှစ်တစ်ကြိမ်တီအန်တာအိုဂိုဏ်းက တပည့်သစ်တွေလက်ခံလေသည်။သူတို့က အဝါရောင်အဆင့်ခြောက်နဲ့အထက်ရှိတဲ့ အဆင့်မြင့်သိုင်းဝိညာဉ်ရှိသူတွေသာ သူတို့ရဲ့စိတ်ဝင်စားမှုခံရလိမ့်မယ်၊တပည့်သစ်စုဆောင်းတဲ့အခါကြရင်လဲ မြို့တစ်မြို့ထဲကပဲ လက်ခံလေ့ရှိပေသည်။တစ်ယောက်ယောက်က တီအန်တာအိုဂိုဏ်းရဲ့တပည့်ဖြစ်ချင်ရင် ကောင်းမွန်တဲ့ပင်ကိုယ်ပါရမီရှိရမည်ဖြစ်သလို ကံကောင်းဖို့လဲ လိုအပ်ပါတယ်။ မူလက တီအန်တာအိုဂိုဏ်းရဲ့တပည့်သစ်ကို ဆောင်းဦးမိုးကောင်းကင်မြို့မှာရွေးချယ်ဖို့ပါ။ဘာကြောင့်လဲဆိုတော့ ပင်ကိုယ်ပါရမီကောင်းကောင်းနဲ့ ဟွာအဆင့်6သိုင်းဝိညာဉ်ရှိတဲ့သူ သုံးယောက်ရှိတယ်လို့ ကြားထားတယ်လေ။တီအန်တာအိုဂိုဏ်းရဲ့တပည့်သစ်စုဆောင်းတဲ့နေရာကို ဟောင်အန်မြို့ကိုပြောင်းရွှေ့လာစေဖို့အတွက် ချူးတိုင်ကွန်မည်သည့်တန်ဖိုးကိုပေးဆပ်လိုက်ရမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဒါပေမယ့်လဲ တကယ်လို့ ချူးယွန်သာ တီအန်တာအိုဂိုဏ်းကိုဝင်ဆရာက်နိုင်ခဲ့ရင် နှစ်အနဲငယ်အတွင်းမှာပဲ သူတို့ချူးမိသားစုက အစစ်အမှန်သန်မှာတဲ့ ကျွမ်းကျင်သူတစ်ဦးကိုရရှိမည်လေ။ချူးတိုင်ကွန်က ဒီလိုမျိုးသားကောင်းတစ်ယောက်ကိုရထားပြီး နောက်သုံးနှစ်မှာချူးယွန်ကို ကလန်ခေါင်းဆောင်ရာထူးပေးမယ်ဆိုတာ မမှားပါ၊အကြီးအကဲချူးဝမ်ကင်းရဲ့မျက်နှာက အောက်ငုံ့သွားပြီး ဘာမှထပ်မပြောတော့ပေ။ "ဂုဏ်ယူပါတယ်အကိုယွန် " မက်မွန်ပွင့်လိုမျက်လုံးလေးများနဲ့နှစ်လိုဖွယ်ကောင်းတဲ့ ကောင်မလေးတစ်ဦးက သူ့ဆီကိုအရင်ဆုံး အပြုံးလေးနဲ့လမ်းလျှောက်ထွက်လာခဲ့လေသည်။သူ့နံမယ်က ချူးယု၊ သူမကချူးယွန်ရဲ့ဝမ်းကွဲညီမပါ။ချူးယွန်ထက်တစ်နှစ်ငယ်ပြီး ချောမောကာ ကြင်နာသနားတတ်ပုံရတဲ့မျက်နှာလေးနဲ့ နူးညံ့သိမ်မွေ့ပုံရလေသည်။သူမရဲ့အလှတရားက အကြွင်းမဲ့မဟုပ်ပေမယ့်လဲ မက်မွန်ပွင့်လိုမျက်လုံးလေးများက အချို့သောကျက်သရေကိုထင်မှားဖွယ်ရာမရှိအောင် ပေးလေသည်။ ချူးယုအရှေ့ကိုတိုးသွားတာမြင်တဲ့အခါ အခြားတပည့်များက မနာလိုစိတ်ဖြစ်သွားကြပေမယ့် ကူကယ်ရာမဲ့စွာနဲ့ကြည့်နေလိုက်ကြရတယ်။ဘာပဲပြောပြောသူတို့ဟာ ချူးယွန်ကို ချီးကျူးနေကြဆဲပင်။ "အကိုယွန်က ပြိုင်ဘက်ကင်းပါပဲ သူဒီနေအစွမ်းထက်ဆုံးသိုင်းဝိညာဉ်ကို နိုးထနိုင်လိမ့်မယ်" "အကိုယွန်က အနဲဆုံးအဝါရောင်အဆင့်7သိုင်းဝိညာဉ်နိုးထနိုင်လိမ့်မယ်ကွ" "‌မင်းပြောတာဟုပ်တယ်၊အသေအချာပဲ လူငယ်မာစတာက ငါတို့ချူးမိသားစုရဲ့အနာဂါတ်ပါပဲ" လူတိုင်းကချူးယွန်အနားမှာကပ်နေပြီး ဖော်လံဖားတဲ့စကားတွေကိုပြောနေခဲ့ကြတယ်။အခမ်းအနားကလဲ စတင်ခြင်းမရှိသေးတော့ ချူးယွန်က လူတိုင်းရဲ့အာရုံစိုက်စရာဖြစ်လာခဲ့သည်။ "သိုင်းဝိညာဉ်နိုးထခြင်းအခမ်းအနားစတင်မယ်" အချိန်မဖြုန်းတီးချင်တာကြောင့် ချူးတိုင်ကွန်က သူ့ရဲ့ အင်္ကျီလက်‌တွေကိုဝှေ့ယမ်းလိုက်ပြီး ကြေညာလိုက်တယ်။သူက ချူးယွန်ရဲ့သိုင်းဝိညာဉ်ကိုမြင်တွေ့ခွင့်ရဖို့ မစောင့်နေနိုင်တော့ဘူး။ အရင်ဆုံးစမ်းသပ်ခံမယ့်သူက ချူးဇန်လို့ခေါ်ပြီး သူက အကြီးအကဲချူးဝမ်ကင်းရဲ့သားပါ။သူက ခံစားချက်မရှိတဲ့မျက်နှာနဲ့လျှောက်လာပြီး အေးစက်စက်အော်ရာတွေကို ထုတ်လွှတ်လိုက်သည်။ "ရွဲ ရွဲ" အသံတွေထွက်လာပြီး ချူးဇန်ရဲ့ခေါင်းပေါ်မှာ မီးတွေတောက်လောင်နေတဲ့ ဓါးတစ်ချောင်းပုံစံ တဖြည်းဖြည်းဖွဲ့စည်းလာပါသည်။ "ချူးဇန် တောမီးလျှံဓါး အဝါရောင်အဆင့်7..အဝါရောင်အဆင့်7သိုင်းဝိညာဉ်" ဘယ်သူက စအော်လိုက်လဲမသိပေ၊ဒီအသံကြားတော့ အကုန်လုံးက အံ့ဩကုန်ကြလေသည်။အဝါရောင်အဆင့်5သိုင်းဝိညာဉ်ပင်လျှင် ပါရမီရှင်ဆိုပါက အဝါရောင်အဆင့်7သိုင်းဝိညာဉ်က အဘယ်နည်း။ "ငါတို့ရဲ့ချူးကလန်မှာ နဂါးတစ်ကောင်ထွက် ပေါ်လာခဲ့ပြီကွ" အခမ်းအနားကြေညာတဲ့အဖိုးအိုက အလွန်ကိုစိတ်လှုပ်ရှားနေခဲ့ပါသည်။သူဟာအသက်ရှုကျပ်ချင်သလိုတောင်ဖြစ်နေပြီး ခန္ဓာကိုယ်ဟာလဲတုန်လှုပ်နေခဲ့တယ်။ "အနီးအနားမြို့တွေမှာတောင် အဝါရောင်အဆင့်‌6သိုင်းဝိညာဉ်ပဲရှိတယ် ။ချူးဇန်၊ချူးဇန် မင်းက ငါတို့မိသားစုရဲ့အနာဂါတ်ပါပဲကွာ" အခြားသူတွေလဲ အလားတူပျော်ရွှင်ကုန်ကြလေသည်။ "ဟုပ်တယ်ဟေ့ အကိုဇန်ကတကယ်သန်မာတာပဲကွ" "ဟွန်အန်မြို့ရဲ့နံပါတ်တစ်ပါရမီရှင်တွေဆိုတဲ့ ခေါင်းစဉ်ကိုမပျက်ဆီးစေသေးဘူး " သူတို့လိုပင် ချူးဇန်လို့ခေါ်တဲ့လူငယ်လေးဟာလဲ သူ့ရဲ့သိုင်းဝိညာဉ်က အဝါရောင်အဆင့်7သိုင်းဝိညာဉ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။သူဟာ ခနလောက်ကြောင်အနေခဲ့ပြီးမှ သတိပြန်ဝင်လာကာ "ဟားဟား ငါရဲ့သိုင်းဝိညာဉ်က အဝါရောင်အဆင့်7သိုင်းဝိညာဉ်ကွ၊ ငါက ဟွန်အန်မြို့မှာနံအ ပါတ်တစ်ပါရမီရှင်ပဲ" လူတိုင်းက ချက်ချင်းတုံ့ပြန်လိုက်ကြပြီး ဝိုင်းဝန်းချီးမြှောက်ပြောဆိုနေခဲ့ကြလေသည်။ "အဝါရောင်အဆင့်7လား" ချူးယွန်မျက်မှောင်ကြုတ်လိုက်တယ် ဒီအဆင့်က နိမ့်လှသည်မဟုပ်ဘူးလေ။သူရိုက်နှက်တာကို ခံခဲ့ရဖူးတဲ့ချူးဇန်က အဝါရောင်အဆင့်7သိုင်းဝိညာဉ်နိုးထနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး။ အပိုင်း2 မကြာမီ.....

Comments

Popular posts from this blog

အကျဉ်းချုပ်

အပိုင်း 3