အပိုင်း 3
အပိုင်း3 အမြင့်ဆုံး(စစ်)သိုင်းဝိညာဉ်
ချူးယွန်သူ့အခန်းတံခါးကိုပိတ်ထားလိုက်ပြီး သူ့မျက်လုံးထဲမှာတော့ အဆုံးမဲ့နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ကလန်ခေါင်းဆောင်ဖြစ်တဲ့သူ့အဖေက တီအန်တာအိုဂိုဏ်းရဲ့ တပည့်သစ်စုဆောင်းမယ့်နေရာကို ပြောင်းရွှေ့လာခဲ့တာဟာ သူ့အတွက်လမ်းခင်းပေးလိုက်တာဆိုတာ သူသိပါတယ်။ဒါပေမယ့် သူက အဝါရောင်အဆင့်1သိုင်းဝိညာဉ်ပဲနိုးထလာပြီး ဖျက်ဆီးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?
ဘယ်လိုမှမအောင့်နိုင်တော့တဲ့အဆုံး ချူးယွန် ဒေါသတကြီးနဲ့နံရံကို လက်သီးနဲ့တအားပစ်ထိုးလိုက်ပါတယ်။ ကြီးမားတဲ့ခွန်အားကြောင့် နံရံပေါ်မှာချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာစေခဲ့ပါပြီ။
"ငါကအင်အားကြီးတယ်ဆိုရင်တောင်မှပဲ ဘာလုပ်လို့ရမှာလဲ? ငါ့ရဲ့သိုင်းဝိညာဉ်အဆင့်က တော်တော်နိမ့်တာပဲလေ။ငါ့ဘဝတစ်လျှောက်လုံးတိုးတက်လာဖို့ မဖြစ်နိုင်တော့ဘူး"
ချူးယွန်သူ့မျက်လုံးတွေကို နာကျင်စွာနဲ့မှိတ်လိုက်ပါတယ်။ချူးယွန်ရဲ့မာနအရ သူ့ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို သက်တောင့်သက်သာအနားယူပြီး ဖြတ်သန်းနေမှာမဟုပ်ဘူး။
အကယ်၍အခြားတစ်ယောက်သာ ဒီလိုမျိုး ကြီးမားတဲ့ထိုးနှက်မှုကြီးကိုခံလိုက်ရရင် ပြန်လည်နားလည်ထူလာနိုင်မှာမဟုပ်တော့ပဲ သူတို့ရဲ့လက်ကျန်ဘဝတွေကို စိတ်ပျက်အားလျော့စွာနဲ့ပဲနေသွားကြပါလိမ့်မယ်။
ဒါပေမယ့် ချူးယွန်ကတော့ ဘဝသစ်တစ်ခုထပ်ရလာမှတော့ ဒီဘဝမှာသန်မာချင်တဲ့စိတ်ဆန္ဒတွေ ရှိနေခဲ့ပါတယ်။
ချူးယွန်အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့ကိုယ်သူ မြန်မြန်ပြုပြင်လိုက်ပါတယ်။ချူးယွန်ရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာပြီး သူ့ကိုယ်သူတီးတိုး ပြောလိုက်ပါပြီ။
"ဒီ ဖေဖေရဲ့ဘဝကို အချည်းနှီးတော့အဖြစ်မခံနိုင်ဘူး… ငါ့မှာအမှိုက်သိုင်းဝိညာဉ်ရှိတယ်ဆိုရင်လည်း ဘာဖြစ်သေးလဲ? ကျင့်ကြံလို့မရဘူးလို့တော့ ငါမယုံဘူး"
ချူးယွန်လေ့ကျင့်ရေးအခန်းကိုမြန်မြန်လျှောက်သွားလိုက်ပြီး အသက်ကိုပြင်းပြင်းရှုလိုက်ကာ သူ့ရဲ့အနက်ရောင်အလင်းသိုင်းဝိညာဉ်ကို အသက်သွင်းလိုက်ပါတယ်။သူ့ကိုယ်ထဲက အနက်ရောင်အလင်းဖြစ်တဲ့ ဒီအမှိုက်သိုင်းဝိညာဉ်လေးက ဘာတွေလုပ်နိုင်မယ်ဆိုတာ သိချင်နေလို့ပါ။
ဒါကအမှိုက်သိုင်းဝိညာဉ်ဆိုပေမယ့် အချို့သောအကျိုးသက်ရောက်မှုလေးတွေတော့ ရှိနေသင့်တယ်မဟုပ်လား။
သူ့သိုင်းဝိညာဉ်ကိုအသက်ဝင်စေပြီးနောက် သူ့အနောက်မှာ မပီပြင်ဝိုးတဝါးအနက်ရောင်အရိပ်ကြီးတစ်ခု ထွက်လာခဲ့ပါတယ်။အရိပ်ကြီးကသိပ်မရှင်းလင်းပေမယ့် အဲတာက လူတစ်ယောက်နဲ့ဆင်တူနေပါတယ်။ဒီအချိန်မှာပဲ သူ့ကိုယ်ထဲက စွမ်းအင်တွေထူးဆန်းစွာလှုပ်ရှားလာတာကို တွေ့လိုက်ရပါတယ်။
ဒီအချိန်မှာပဲ သူ့ခန္ဓာကိုယ်နဲ့မရီဒျန်တွေဟာ ပိုကောင်းလာတယ်လို့ခံစားနေရပြီး သူ့ရဲ့စိတ်အတွေးတွေကလဲ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပါတယ်။သိုင်းဝိညာဉ်ထွက်ပေါ်လာပြီးနောက် ကမ္ဘာကြီးဟာ ပိုပြီးရှင်းရှင်းလင်းလင်း ခံစားသိမြင်လာခဲ့ရပါတယ်။
"ဒါကလုံးဝအသုံးမကျတာတော့မဟုပ်ဘူးပဲ"
ချူးယွန်အလွန် စိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူ့ရဲ့တိုးတက်မှုက သိပ်မကြီးမားပေမယ့်လဲ ရှင်သန်ခြင်းလမ်းမပေါ်ဆွဲတင်ခံလိုက်ရသလို စိတ်လှုပ်ရှားနေဆဲပါ။ချူးယွန်လက်သီးဆုတ်လိုက်ရင်း သူ့ကိုယ်ထဲကစွမ်းအားတွေ ပိုတိုးပွားလာနေတယ်လို့ ခံစားလိုက်ရပါပြီ။
"ဖန်း"
ချူးယွန်လေထဲကို လက်သီးတစ်လုံးထိုးလွှတ်လိုက်တော့ လေဟာနယ်နယ်ထဲ ပေါက်ကွဲသံတစ်ခုထွက်လာပြီးအလွန်ပူလောင်လာခဲ့ပါတယ်။
"သိုင်းဝိညာဉ်မနိုးခင်က အချိန်နဲ့ယှဉ်ရင် ငါ့ခွန်အားကတော်တော်လေးကို တိုးတက်လာတာပဲ"
ချူးယွန် သူ့စိတ်ကိုအနဲငယ်ငြိမ်သက်အောင်ပြုလုပ်လိုက်တာနဲ့ တည်ညိမ်ခြင်းဆေးလုံးကို သောက်လိုက်ရသလို ငြိမ်းအေးသွားခဲ့ပါတယ်။သိုင်းဝိညာဉ်တွေကအလွန်အသုံးဝင်တာကြောင့် သူတို့ကိုသုံးပြီးကောင်းကင်နဲ့မြေကြီးကြားက စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီးကျင့်ကြံရင် ဘယ်လောက်တောင် ထိရောက်မှုရှိမလဲ?
သိုင်းဝိညာဉ်တွေရဲ့အဆင့်က စိတ်ဝိညာဉ်စွမ်းအင်တွေကိုဘယ်လောက် စုပ်ယူနိုင်မယ်ဆိုတာနဲ့ စပ်ဆပ်နေပါတယ်။သိုင်းဝိညာဉ်အဆင့်မြင့်လေလေ စိတ်ဝိညာဉ်စွမ်းအားတွေကို ပိုပြီးစုပ်ယူနိုင်လေပါ။ဆန့်ကျင်ဘက်အနေနဲ့ကတော့ သိုင်းဝိညာဉ်အဆင့်နိမ့်လေ စိတ်ဝိညာဉ်စွမ်းအင်တွေကိုစုပ်ယူနှုန်း နှေးကွေးလေပါပဲ။
တိုင်ဂန်တိုက်ကြီးမှာ ကျင့်ကြံခြင်းကို နယ်ပယ်ခြောက်ခုခွဲထားပါတယ်။
မော်တယ်နယ်ပယ်၊ကီပြောင်းလဲခြင်းနယ်ပယ်၊စစ်မှန်သောစွမ်းအားနယ်ပယ်၊ရွှမ်းဝူနယ်ပယ်၊ဘုရားသခင်စွမ်းရည်နယ်ပယ်နဲ့ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်ဟု…
နယ်ပယ်တစ်ခုစီတိုင်းကို အဆင့်ငယ်ဆယ်ဆင့် ခွဲခြားထားပါတယ်။
လပေါင်းများစွာကြိုးစားအားထုတ်ခဲ့ပေမယ့်လဲ အဝါရောင်အဆင့်1သိုင်းဝိညာဉ်နဲ့ တိုးတင်မှုနဲနဲလေးပဲရမယ်ဆိုရင် မကျေနပ်ဖွယ်ရာဖြစ်ပါလိမ့်မယ်။သိုင်းဝိညာဉ်သာအဆင့်မြင့်ရင် ကြိုးစားမှုတဝက်လေက်နဲ့ ရလဒ်ကနှစ်ဆဖြစ်နိုင်ပါတယ်။ ဒါကခြားနားချက်ပါ!
ချူးယွန်စဉ်းစားရင်းနဲ့ တပလ္လင်ခွေထိုင်လိုက်ကာ စတင်ကျင့်ကြံဖို့လုပ်လိုက်တယ်။
"ဘန်း" သိပ်သည်းတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက ချူးယွန်ရဲ့ခန္ဓာကိုယ်ထဲကိုအရူးအမူး စီးဝင်လာကြကာ အနီးနားလေဟာနယ်ပင်လျှင် ပေါက်ကွဲမလိုဖြစ်နေပါတယ်။သူ့ကိုယ်ထဲကိုစီးဝင်နေကြတဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကြောင့် ပတ်ဝန်းကျင်မှာလေတောင် အနဲငယ်တိုးဝှေ့နေကြပါတယ်။စိတ်ဝိညာဉ်စွမ်းအားတွေက သွေးကြောတွေကတဆင့်လှည့်ပတ်လို့ သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသလို သိုင်းဝိညာဉ်ကိုလဲ ပြုစုပျိုးထောင်ပေးနေပါတယ်။
ဒါကတော်တော်မြန်တာပဲ!
အသက်ဆယ်ကြိမ်ရှုချိန်အတွင်းမှာပင် သူဟာ မော်တယ်အဆင့်နယ်ပယ်ရဲ့ ပထမအဆင့်ထိချိုးဖောက်ဝင်ရောက်သွားပြီလို့ ခံစားလိုက်ရပါတယ်။
"ဒါက"
ချူးယွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။
သူ့သိုင်းဝိညာဉ်ကအခုမှနိုးထတာဆိုပေမယ့် အချို့ကိစ္စရပ်လေးတွေကိုတော့ နားလည်မှုရှိပါသေးတယ်။သူ့သိုင်းဝိညာဥ်က အဝါရောင်အဆင့်ငါး သိုင်းဝိညာဉ်လိုမျိုး စွမ်းအင်တွေကိုမြန်ဆန်စွာစုပ်ယူနေခဲ့ပါတယ်။စွမ်းအင်တွေစီးဝင်နေတာက မြန်ဆန်သိပ်သည်းလွန်းလို့ သာမန်မျက်စေ့နဲ့ပင်မြင်နိုင်ပါတယ်။
အဝါရောင်အဆင့်ငါး သိုင်းဝိညာဉ်နဲ့ ကျင့်ကြံသူတွေတောင် တနေကုန်ကျင့်မှ မော်တယ်နယ်ပယ် ပထမအဆင့်ကိုရောက်ရှိနိုင်မှာပါ။အခုက သူ့သိုင်းဝိညာဉ်အဆင့်ထက် အများကြီးပိုမြန်တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပေသည်။
အခြားသူတွေတနေကုန်ကျင့်ကြံမှရောက်မယ့်နယ်ပယ်ကို သူက အသက်ဆယ်ရှိုက်စာအတွင်းမှာပင် ရောက်ရှိခဲ့ပါတယ်။
ဘာတွေဖြစ်နေတာလဲ?
ချူးယွန်စဉ်းစားနေစဉ်မှာပင် သူ့ဦးနှောက်က ရုတ်တရက်ဗလာကျင်းသွားသလိုခံစားလိုက်ရပြီး လျှို့ဝှတ်ဆန်းကျယ်တဲ့ကမ္ဘာတစ်ခုထဲကို ရောက်သွားခဲ့ပါတယ်။
အထဲမှာတော့ အဆုံးမဲ့ကြယ်ပွင့်တွေနဲ့ပြည့်နှက်နေပြီး မှောင်မဲနေတဲ့အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားတဲ့ လူကြီးတစ်ဦး လက်နှစ်ဖက်ကိုနောက်ပစ်လို့ မပ်တပ်ရပ်နေလို့ပါ။စည်းနှောင်ထားခြင်းမရှိတဲ့ အနက်ရောင်ဆံပင်ရှည်တွေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကနေ လျှို့ဝှတ်ဆန်းကျယ်ပြီး ရှေးဆန်တဲ့အော်ရာတွေထွက်ပေါ်နေပြန်ပါတယ်။သူ့ရဲ့ဘေးမှာတော့ အပြာရောင် ဆေဘာတစ်လက်နဲ့အနက်ရောင်ဓါးတစ်ချောင်းရှိနေပါတယ်။သူ့ရဲ့လှုပ်ရှားမှုတစ်ခုစီတိုင်းက အစစ်အမှန်အုပ်ချူပ်သူတစ်ဦး ကမ္ဘာမြေပေါ်ဆင်းသက်လာသလိုမျိုး ကြီးစိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့အော်ရာတွေ ထွက်ပေါ်နေပါတယ်။
ချူးယွန်ဟာ သူ့ရဲ့သွေးတွေဆူပွက်လာပြီး ပေါက်ကွဲထွက်တော့မလို ခံစားနေခဲ့ရပါတယ်။
"ငါကအဆင့်အမြင့်ဆုံးသိုင်း(စစ်)ဝိညာဉ်ပဲ"
ထိုလူကြီးရဲ့ပါးစပ်ကနေ စကားလုံးလေးနဲနဲပဲထွက်ပေါ်လာခဲ့ပေမယ့် မီလီယမ်နဲ့ချီတဲ့ ကြယ်တွေဟာ တုန်ခါနေခဲ့ကြရပါတယ်။
ချူးယွန်အလွန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်။ထိုလူကြီးရဲ့အော်ရာတွေက အကန့်အသတ်မရှိအလွန်ကိုသန်မာလှကာ တောင်ထိပ်ပေါ်မှာရပ်နေတဲ့ရှင်ဘုရင်တစ်ပါးလို လက်တစ်ချက်လှုပ်ရုံမျှဖြင့် အရာအားလုံးကိုဖုံမှုန့်တွေအဖြစ်ပြောင်းလဲနိုင်ကာ အရာအားလုံးက သူ့ကို အညံ့ခံရပေလိမ့်မည်။
"ဒါ..ဒါက ငါ့ရဲ့သိုင်းဝိညာဉ်လား? သူ့ကို အမြင့်ဆုံးသိုင်းဝိညာဉ်လို့ခေါ်တယ်လား"
ချူးယွန်ရဲ့မျက်လုံးက တလက်လက်တောက်ပနေခဲ့ပါတယ်။စိတ်လှုပ်ရှားမှုက သူ့စိတ်ကိုမနှောက်ယှတ်နိုင်ခဲ့ပါဘူး၊ဒီအစား ပိုပြီး သူ့ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့ပါတယ်။
အဝါရောင်အဆင့်တစ် သိုင်းဝိညာဉ်ဆိုတာက အပေါ်ယံခန့်မှန်းချက်တစ်ခုထက်မပိုခဲ့ပါဘူး။အမြင့်ဆုံးသိုင်းဝိညာဉ်ရဲ့ အစစ်အမှန်အဆင့်က အလွန်မြင့်မားတာကြောင့် သူ့အနေနဲ့ ခန့်မှန်းဖို့တောင်မဖြစ်နိုင်ဘူး။
စစ်ဝိညာဉ်ရဲ့ မှောင်မိုက်နေတဲ့မျက်လုံးအစုံက အဆုံးမရှိစကြာဝဠာကြီးတစ်ခုလို ချူးယွန်ကိုအေးစက်စက်နဲ့စိုက်ကြည့်နေခဲ့ပါတယ်။ခနအကြာမှာတော့ ဖြေးဖြေးချင်းပြောလိုက်တယ်။
"ငါက စစ်နတ်ဘုရားတစ်ပါးပဲ၊ငါ့ရဲ့ခန္ဓာကိုယ်က ကောင်းကင်လမ်းမှာပျက်ဆီးသွားခဲ့ပေမယ့်လဲ ငါ့ရဲ့စိတ်ဝိညာဉ်ကတော့ အမြင့်မြတ်ဆုံးအုပ်ချုပ်သူစစ်ဝိညာဉ်အဖြစ် ရှိနေပါသေးတယ်။ငါ့ရဲ့အမွေကိုဘယ်သူပဲဆက်ခံသည်ဖြစ်ပါစေ စစ်နတ်ဘုရားဆိုတဲ့ ငါ့ရဲ့နံမည်ကို သိက္ခာကျအောင် မလုပ်ပါနဲ့ "
စစ်နတ်ဘုရားရဲ့အသံ တဖြည်းဖြည်းပျောက်ကွယ်သွားပြီးနောက် ကမ္ဘာကြီးဟာလဲ မှုန်ဝါးလာခဲ့ပါတယ်။ချူးယွန်ရဲ့အမြင်အာရုံတွေမှောင်မဲသွားပြီးနောက် အပြင်ဘက်ကမ္ဘာကိုပြန်ရောက်လာခဲ့ပါတယ်။
ချူးယွန်အသက်ကိုပြင်းပြင်းရှုလိုက်ကာ သိချင်စိတ်ပြင်းပြစွာနဲ့ သူ့ရဲ့အမြင့်ဆုံးသိုင်းဝိညာဉ်ကိုဆင့်ခေါ်လိုက်ပါတယ်။သိုင်းဝိညာဉ်ထွက်ပေါ်လာတာနဲ့ တပြိုင်နက် အဝါရောင်ရောင်ခြည်တန်းသုံးခုပါ ထွက်ပေါ်လာခဲ့ပါတယ်။
ဆိုလိုတာက ငါ့သိုင်းဝိညာဉ်ရဲ့ အဆင့်က တကယ်ကြီး အဝါရောင်အဆင့်သုံးအထိ တိုးတက်သွားခဲ့တာပေါ့!
"ငါ့သိုင်းဝိညာဉ်ရဲ့အဆင့်က တဖြည်းဖြည်းမြင့်တက်လာတာနဲ့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကလဲ အလားတူမြင့်တက်လာရလိမ့်မယ်။ဒါကအဆင့်မြှင့်တင်နိုင်တဲ့သိုင်းဝိညာဉ်ပဲ၊သူ့မှာအဆုံးမဲ့အလားအလာတွေရှိနေတာပဲဟ၊သမိုင်းတစ်လျှောက်မှာအသန်မာဆုံးသိုင်းဝိညာဉ်လို့ ပြောလို့တောင်ရတယ်"
သောက်သုံးမကျတဲ့ချူးဇန်၊အရင်ကလဲမင်းကိုငါရိုက်နိုင်ခဲ့တယ်၊အခုလဲမင်းငါ့ကိုယှဉ်နိုင်မှာမဟုပ်ပါဘူးကွာ!
အဝါရောင်အဆင့်7အဆင့်မြင့် တောမီးလျှံဓါးသိုင်းဝိညာဉ်လေးနိုးထလိုက်တာနဲ့ မင်းရဲ့အမြှီးကမိုးထိအောင်မြှင့်တက်သွားပြီလား?
ဒီအဖေရဲ့သိုင်းဝိညာဉ်အောက်မှာ မင်းကဒူးထောက်ပြီးသနားညှာတာဖို့တောင်းပန်သွားရမယ်။
ချူးယွန်ရဲ့ပင်ကိုယ်စရိုက်က လွတ်လွတ်လပ်လပ်နဲ့ ချစ်ခြင်း၊မုန်းခြင်းကို ကောင်းကောင်းခွဲခြားထားတယ်။သူယုံကြည်ရာကိုလုပ်ဖို့ဆိုရင် သေဖူးတဲ့သူ့အတွက်တော့ နောက်တစ်ခါ သေရမှာလဲမကြောက်ဘူး။
တစ်ယောက်ယောက်က သူ့အပေါ်ကောင်းတယ်လား?
ဒါဆိုသူကလဲ အတတ်နိုင်ဆုံးပြန်ပေးဆပ်ဖို့ကြိုစားမယ်။
တယောက်ယောက်ကသူ့ကိုမပျော်ရွှင်အောင်လုပ်ရင် ဒီလောကထဲကဘယ်သူမှမင်းကိုကယ်နိုင်မှာမဟုပ်ဘူး၊နောင်တကောင်းကောင်းရသွားအောင်ပညာပေးလိုက်မယ်။
Comments
Post a Comment