အပိုင်း 4
အပိုင်း4 သိုင်းဝိညာဉ်ကအဆင့်မြှင့်တင်နိုင်တယ် "ယွန်အာ " ခြံဝင်းထဲကနေအသံတစ်သံထွက်ပေါ်လာခဲ့ပါတယ်။ "အဖေ" ချူးယွန်တံခါးကိုတွန်းဖွင့်ပြီး ချက်ချင်းပြေးထွက်သွားလိုက်သည်။ချူးတိုင်ကွန်ဟာ ခြံထဲမှာပင်ပန်းနေတဲ့မျက်နှာ၊တောင်းပန်လိုတဲ့မျက်လုံးတွေနဲ့ ရပ်နေတာကို တွေ့လိုက်ရလေသည်။ ချူးယွန်ကိုတွေ့လိုက်တော့ ပေါ့ပေါ့ပါးပါးပုံစံနဲ့ပြုံးလိုက်ပြီး "ယွန်အာ၊ဘာဖိအားမှခံစားမနေပါနဲ့ကွယ်၊ဒါကအဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်လေးတစ်ခုပဲကို၊ကောင်းကင်ကြီးပြိုကျလာတာမှမဟုပ်တာ။ မင်းရဲ့သိုင်းဝိညာဉ်ကသာမန်ဆိုရင်တောင် အနာဂါတ်မှာမင်းက ကြီးမားတဲ့အရာတွေကို အောင်မြင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်" ချူးယွန်ရဲ့စိတ်နှလုံးထဲမှာ ဘယ်လောက်ထိ မာနကြီးခဲ့ကြောင်း ချူးတိုင်ကွန်သိတယ်လေ၊ဒါကြောင့်လဲ ချူးယွန်ကိုနှစ်သိမ့်စေမယ့်စကားတွေကို ပြောခဲ့တာပါ။နောက်ပြီး ချူးယွန်က ငယ်ငယ်လေးထဲက ပါရမီရှင်အဖြစ် နံမယ်ကြီးခဲ့သူလေ။သိုင်းဝိညာဉ်နိုးထလာမှ သာမန်လူအဖြစ်ပြောင်းလဲသွားရတာ ဒါမျိုးက သာမန်လူတွေသည်းခံနိုင်တဲ့အရာမဟုပ်ပေ။သူ့ရဲ့သိုင်းဝိညာဉ်မနိုးထခင် ခေါင်းဆောင်ရာထူးပေးမယ်လို့ကြေညာလိုက်တာကလဲ သူ့အပေါ်ဖိအားတွေပိုတိုးသွားစေခဲ့တာ ဖြ...