အကျဉ်းချုပ်

ခေါင်းစဉ် -Sky War Soul (ကောင်းကင်စစ်ဝိညာဉ်) မူရင်းစာရေးသူ - Tuo Ba Liu Yun ဘာသာပြန်ဆိုသူ - KoKhant မူရင်းအပိုင်းအရေအတွက်- 2205 (complete) ဘာသာပြန်သူရဲ့အမြင် - ဒီစာအုပ်က ဆရာ Tuo Ba Liu Yun ရဲ့ စာစဉ်ကောင်းတစ်ခုပါ။ သူ့ရဲ့ပုံစံကတော့ အခြားစာစဉ်အတော်များများလိုပဲ ပြန်လည်ဝင်စားခြင်းမျိုးပါပဲ။ ဇာတ်ကောင်ဟာဆိုရင်ဖြင့် လူလိမ်လူကောက် လူရမ်းကားတစ်ယောက်မဟုတ်ပေမယ့် လူကောင်းတစ်ယောက်လဲမဟုတ်ပါဘူး။ သူက တစ်ခါတစ်ခါ ကြမ်းလိုက်တယ်… တစ်ခါတစ်လေကျရင်တော့ လူအင်အားပြ ရှိုးထုတ်တယ်… တစ်ခါတစ်ခါကျပြန်တော့လည်း ဟာသတွေလုပ်ပြန်ရော… ပြောရရင် ပေါ့ပေါ့ပါးပါးပုံစံလေးလို့ ပြောနိုင်သလို ခပ်ကြမ်းကြမ်းလေးလို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေး‌တွေ ဝင်သွားချိန်မှာပဲ ထူးခြားတဲ့အရာတစ်ခုကလည်း သူ့ကိုယ်ထဲကို ဝင်သွားခဲ့ပြီး သူလည်းသေဆုံးသွားခဲ့တယ်။ သူသေဆုံးပြီးနောက်မှာတော့ တိုင်ဂန်တိုက်ကြီးလို့ခေါ်တဲ့ တိုက်တစ်ခုမှာ ပြန်လည်မွေးဖွားလာခဲ့တယ်။ အဲဒီတိုက်ကြီးက သိုင်းပညာရှင်တွေဟာ သိုင်းဝိညာဉ်တွေအသုံးပြုပြီး ကျင့်ကြံကြရပါတယ်။ ဇာတ်ကောင်နိုးထခဲ့တဲ့သိုင်းဝိညာဉ်က အမြင့်ဆုံးစစ်နတ်ဘုရား သိုင်းဝိညာဉ်ဆိုပေမဲ့ နိုးထခါစမှာ အနိမ့်ဆုံးအဆင့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့လည်း သူ့ရဲ့ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာနဲ့ သိုင်းဝိညာဉ်ကလည်း အဆင့်မြင့်လာခဲ့ပါတယ်။ ဒီလိုထူးခြားတဲ့ သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ သူ့အနေနဲ့ ကျင့်ကြံခြင်းမှာ ထိပ်ဆုံးကို တက်ရောက်နိုင်မှာလား။ ဘယ်လို အခက်အခဲ အတားအဆီးတွေကို တွေ့ရဦးမှာလဲ။ အတားအဆီးတွေကိုရော ဖြတ်ကျော်နိုင်မှာလား။ ဖတ်ရှုလိုက်ကြည့်ရအောင်လားဗျာ.…

Comments

Popular posts from this blog

အပိုင်း 1

အပိုင်း 3