အပိုင်း 4

အပိုင်း4 သိုင်းဝိညာဉ်ကအဆင့်မြှင့်တင်နိုင်တယ် "ယွန်အာ " ခြံဝင်းထဲကနေအသံတစ်သံထွက်ပေါ်လာခဲ့ပါတယ်။ "အဖေ" ချူးယွန်တံခါးကိုတွန်းဖွင့်ပြီး ချက်ချင်းပြေးထွက်သွားလိုက်သည်။ချူးတိုင်ကွန်ဟာ ခြံထဲမှာပင်ပန်းနေတဲ့မျက်နှာ၊တောင်းပန်လိုတဲ့မျက်လုံးတွေနဲ့ ရပ်နေတာကို တွေ့လိုက်ရလေသည်။ ချူးယွန်ကိုတွေ့လိုက်တော့ ပေါ့ပေါ့ပါးပါးပုံစံနဲ့ပြုံးလိုက်ပြီး "ယွန်အာ၊ဘာဖိအားမှခံစားမနေပါနဲ့ကွယ်၊ဒါကအဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်လေးတစ်ခုပဲကို၊ကောင်းကင်ကြီးပြိုကျလာတာမှမဟုပ်တာ။ မင်းရဲ့သိုင်းဝိညာဉ်ကသာမန်ဆိုရင်တောင် အနာဂါတ်မှာမင်းက ကြီးမားတဲ့အရာတွေကို‌ အောင်မြင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်" ချူးယွန်ရဲ့စိတ်နှလုံးထဲမှာ ဘယ်လောက်ထိ မာနကြီးခဲ့ကြောင်း ချူးတိုင်ကွန်သိတယ်လေ၊ဒါကြောင့်လဲ ချူးယွန်ကိုနှစ်သိမ့်စေမယ့်စကားတွေကို ပြောခဲ့တာပါ။နောက်ပြီး ချူးယွန်က ငယ်ငယ်လေးထဲက ပါရမီရှင်အဖြစ် နံမယ်ကြီးခဲ့သူ‌လေ။သိုင်းဝိညာဉ်နိုးထလာမှ သာမန်လူအဖြစ်ပြောင်းလဲသွားရတာ ဒါမျိုးက သာမန်လူတွေသည်းခံနိုင်တဲ့အရာမဟုပ်ပေ။သူ့ရဲ့သိုင်းဝိညာဉ်မနိုးထခင် ခေါင်းဆောင်ရာထူးပေးမယ်လို့ကြေညာလိုက်တာကလဲ သူ့အပေါ်ဖိအားတွေပိုတိုးသွားစေခဲ့တာ ဖြစ်နိုင်သည်။ ချူးတိုင်ကွန်ကြောက်တာက သူ့သားက အမြဲစိတ်ပျက်အားလျှော့သွားပြီး ရှုံနိမ့်မှုက ပြန်မလွတ်မြောက်လာနိုင်တော့မှာကိုပါ။ "အဖေ စိတ်မပူပါနဲ့၊ငါ့ကို ဘာကမှမရိုက်နိုင်ပါဘူး" ချူးယွန်ပြုံးလိုက်မိတယ်။ "အိုး ဒါနဲ့ သားကိုတီအန်တာအိုဂိုဏ်းအကြောင်း ပြောပြပါဦး" "ယွန်အာ မင်းအဖေက တီအန်တာအိုဂိုဏ်းနဲ့ ပတ်သတ်ပြီး အကုန်လုံးကိုတာဝန်ယူရလိမ့်မယ်" ချူးတိုင်ကွန်က တီအန်တာအိုဂိုဏ်းကို ချူးယွန်ကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုမှ ရှင်းပြလို့မရနိုင်ဘူးလို့ထင်နေခဲ့တယ်။တီအန်တာအိုဂိုဏ်းနဲ့သူပြုလုပ်ခဲ့တဲ့ကတိကို ပြန်စဉ်းစားမိသွားတော့ ချူးတိုင်ကွန် ခါးသီးစွာနဲ့ပြုံးလိုက်မိတယ်။ သူစိတ်ပူတာက တီအန်တာအိုဂိုဏ်းကိုရှင်းပြလို့မရမှာကို မဟုပ်ပါဘူး။ဒါပေမယ့် ငါ့ကလေးလေးချူးယွန်က ဒီလိုကြီးမားတဲ့ထိုးနှက်မှုကြီးကို ခံနိုင်ရည်ရှိပါ့မလား? ငယ်စဉ်ကထဲကထူးချွန်တဲ့ပင်ကိုယ်ပါရမီနဲ့ ဂျင်ထောင်နဲ့ချီအစွမ်းခွန်အားရှိတဲ့ချူးယွန်က အဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်ပဲ နိုးထလာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?စိတ်လှုပ်ရှားနေတဲ့ချူးတိုင်ကွန်ကိုကြည့်ရင်း ချူးယွန်ပြုံးလိုက်မိပြန်တယ်။ "အဖေ..သေချာကြည့်နေပါ " ချူးယွန်ရဲ့အနောက်မှာအနက်ရောင်အရိပ်ကြီးတစ်ခုပေါ်လာပြီး သူ့ရဲ့အော်ရာတွေက နိုးထလာကာစနဲ့ယှဉ်ရင် ပိုပြီး စွဲမက်ဖွယ်ကောင်း‌လာခဲ့သည်။ချူးယွန်ရဲ့ထိန်းချူပ်မှုအောက်မှာပင် အနက်ရောင်အလင်းကို အဝါရောင်အလင်းတန်းသုံးခုက လှည့်ပတ်နေကြလေသည်။ "ယွန်အာ၊ဒါ..ဒါက အဝါရောင်အလင်းတန်းသုံးခုလား? မဟုပ်သေးပါဘူး၊မင်းရဲ့သိုင်းဝိညာဉ်က အဝါရောင်အဆင့်တစ်မလား" အသိပညာဗဟုသုတကြွယ်ဝတဲ့ ချူးတိုင်ကွန်တောင်မှပဲ ဒီခဏ၌ လုံးဝရှော့ရသွားခဲ့ရသည်။ သိုင်းဝိညာဉ်နိုးထခြင်းအခမ်းအနားမှာတုန်းက လူတွေအများကြီးကြည့်နေကြတာမို့ လုံးဝမှားယွင်းစရာအကြောင်းမရှိပါ။ဒါကို ဘယ်လိုလုပ်ပြီး အဝါရောင်အဆင့်သုံး ဖြစ်လာခဲ့ရတာလဲ? "အဖေ၊အမှန်အတိုင်းပြောရမယ်ဆိုရင် သားရဲ့သိုင်းဝိညာဉ်က ကျင့်ကြံခြင်းအဆင့်တိုးလာတာနဲ့အမျှ သူကအဆင့်မြင့်လာလိမ့်မယ်၊ဒီအတိုင်းပဲ သူ့ကိုအဆင့်မြှင့်တင်နိုင်တယ်" ချူးယွန်ရဲ့ကျယ်လောင်တဲ့အသံက ချူးတိုင်ကွန်ရဲ့နားထဲမှာ မိုးကြိုးတစ်စင်းပစ်ချလိုက်သလိုပဲ ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။ "ဘာ " "သိုင်းဝိညာဉ်က အဆင့်မြှင့်တင်နိုင်တယ်..ဟုပ်လား" ချူးတိုင်ကွန်ရဲ့တုန်လှုပ်ချောက်ခြားသွားမှုကို စကားလုံးနဲ့နောင်ဖော်ပြလို့မရနိုင်တော့ပေ။ ရှေးအချိန်ထဲက အဆင့်မြှင့်တင်နိုင်တဲ့သိုင်းဝိညာဉ်ရယ်လို့ တခါမှပင် မကြားဖူးခဲ့ပါ။သိုင်းဝိညာဉ်ဆိုသည်မှာ နိုးထလာကထဲက အတိုင်းပင် အမြဲတည်ရှိနေမည့်အရာပင်ဖြစ်သည်။မင်းရဲ့သိုင်းဝိညာဉ်ကအဆင့်မြင့်ရင် မင်းရဲ့အနာဂါတ်ကလဲအကန့်အသတ်မဲ့ဖြစ်လိမ့်မယ်။မင်းရဲ့သိုင်းဝိညာဉ်ကအားနဲရင်တော့ အမှိုက်တစပဲဖြစ်လာရမယ်။လူတိုင်းကမင်းကိုအထင်သေးကြပြီး ဘဝတစ်လျှောက်လုံးကို သာမန်အဖြစ်နဲ့ပဲ နေသွားရလိမ့်မယ်။ ဒါပေမယ့်မင်းရဲ့သိုင်းဝိညာဉ်ကို အဆင့်မြှင့်တင်သွားနိုင်ရင်ရော ဒါဆိုရင် ဘယ်လောက်တောင်ကြောက်စရာ ကောင်းလိုက်မလဲ? "ဒီသိုင်းဝိညာဉ်ရဲ့ကန့်သတ်ချက်က ဘာလဲဆိုတာမသိပေမယ့် အခြားသိုင်းဝိညာဉ်တွေထက် အဆင့်မနိမ့်ဘူးဆိုတာတော့ သေချာတယ်၊ကျွန်တော်စောစောက လေ့ကျင့်ချိန်မှာ မော်တယ်နယ်ပယ်ကိုရောက်ဖို့ အသက်ရှုချိန် ‌ဒါဇင်နဲနဲလောက်ပဲကြာလိုက်တယ်" ချူးယွန်ဟာပြောရင်းနဲ့စိတ်လှုပ်ရှားနေပြန်တယ်။ တစ်ချိန်ထဲမှာပင် သူ့ရဲ့စိတ်နှလုံးထဲက ဝန်ထုတ်ဝန်ပိုးကြီးကို ဖယ်ရှားပစ်လိုက်နိုင်သလိုမျိုး ခံစားလိုရတယ်။ ငါ..ငါ့အဖေကိုစိတ်မပျက်စေခဲ့ဘူးပဲ "မင်း..မင်းမော်တယ်နယ်ပယ်ထဲကိုရောက်သွားပြီလား" ချူးတိုင်ကွန်တစ်ယောက် ထပ်မံတုန်လှုပ်သွားရပြန်ပါသည်။ ချူးယွန်ခေါင်းညိတ်အတည်ပြုလိုက်ပါတယ်။ချူးတိုင်ကွန် ချူးယွန်ကိုအကြာကြီးစိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ "ယွန်အာ၊မင်းသိလား ငါတို့ရဲ့တာ့ရင်အင်ပါယာမှာလွန်ခဲ့တဲ့နှစ်ဝက်လောက်က သန္ဓေပြောင်းသိုင်းဝိညာဉ်နိုးထခဲ့တဲ့ ပါရမီရှင်တစ်ဦးရှိခဲ့ပြီး သူ့ရဲ့သိုင်းဝိညာဉ်က နက်နဲခြင်းအဆင့်သုံးရှိတယ်။သူကသိုင်းဝိညာဉ်နိုးထလို့ နေ့တဝက်အကြာမှာပဲ မော်တယ်နယ်ပယ်ကိုချိုးဖောက်ဝင်ရောက်ခဲ့ပြီး ကျော်ကြားလာခဲ့တယ်" "အနက်ရောင်အဆင့်သုံးသိုင်းဝိညာဉ်လား?ဒါတောင်မှ နေ့တဝက်ကြာတယ်ပေါ့ " ချူးယွန်ဟာ အမြင့်ဆုံးသိုင်းဝိညာဉ်ရဲ့စွမ်းအားတွေကို နက်ရှိုင်းစွာခံစားလိုက်မိသည်။အချိန်အနဲငယ်အတွင်းမှာပင်သူ့ကို မော်တယ်နယ်ပယ်ကိုတက်ရောက်ခွင့်ပြုခဲ့တယ်။ "တိုင်ဂန်တိုက်ကြီးဟာအလွန်ကိုကျယ်ပြန့်လွန်းပါတယ်၊ဒါကြောင့်ငါ ပေါ့ပေါ့ပါးပါးတော့မပြောရဲဘူး ဒါပေမယ့် ငါသိသလောက်ပြောရရင် သိုင်းဝိညာဉ်နိုးထပြီးချိန်ကနေ မော်တယ်နယ်ပယ်ကို အမြန်ဆုံးတက်ရောက်နိုင်ခဲ့တဲ့သူတောင် တစ်နာရီကြာခဲ့တယ်" ချူးတိုင်ကွန်အသက်ကိုပြင်းပြင်းရှုလိုက်ပြီး တုန်လှုပ်နေမှုကို မထိန်းချူပ်နိုင်သေးဘူး။ငါ့သားက တကယ့်ကိုပါရမီရှင်တစ်ယောက်ပါပဲ၊ဘယ်သူမှတုနှိုင်းမမှီနိုင်တဲ့ ဂျီးနီးယပ်စ်တစ်ယောက်ပါ။ "အဖေ၊ အခုကျွန်တော့ကို တီအန်တာအိုဂိုဏ်းအကြောင်းပြောပြပါဦး" ချူးယွန်ပြုံးလိုက်သည်။ ချူးတိုင်ကွန်ကလဲ ကျယ်လောင်စွာနဲ့ရယ်မောလိုက်ပြီး "ကောင်းပြီ အခုအတွင်းစကားပြောကြတာပေါ့" ခနတာစကားပြောပြီးနောက် သူ့အဖေဟာ ပြင်ပမှာလေ့ကျင့်နေတုန်း တီအန်တာအိုဂိုဏ်းက တပည့်တစ်ယောက်ရဲ့အသက်ကို ကယ်ခဲ့ဖူးတယ်။တိုက်ဆိုင်ချင်တော့ ထိုတပည့်က အဓိကတပည့်အဖြစ်ရာထူးတိုးခဲ့ပြီး ဒီနှစ်အတွက် တီအန်တာအိုဂိုဏ်းရဲ့ တပည့်အသစ်စုဆောင်းတဲ့တာဝန်ကို ယူခဲ့ရပါတယ်။ ဂရန်းရင်ပြည်နယ်ရဲ့ဥပဒေအရ ဝင်ခွင့်စာမေးပွဲတိုက်ရိုက် သီးသန့်သွားဖြေခွင့်မရှိပါဘူး။ ချူးယွန်အတွက် အကောင်းဆုံးကျင့်ကြံခြင်းဂိုဏ်းကိုဝင်ခွင့်ရဖို့အတွက် ချူးတိုင်ကွန်ကိုယ်တိုင် သူ့ဆီကိုသွားရောက်လည်ပတ်ခဲ့ပြီး တပည့်သစ်စုဆောင်းမယ့်နေရာကို ဟွန်အန်မြို့တော်ကိုပြောင်းရွှေ့ဖို့ တောင်းပန်ခဲ့ရသည်။ဒါပေမယ့် တီအန်တာအိုဂိုဏ်းရဲ့တပည့်သစ်ရွေး‌ချယ်ဖို့ ဆောင်းဦးမိုးကောင်းကင်မြို့တော်ကိုသွားဖို့ စီစဉ်ပြီးပြီဖြစ်သည်။ သို့ပါသော်လဲ ချူးတိုင်ကွန်ရဲ့ ကြီးစွာသောလုံ့လနဲ့အားထုတ်မှုတွေကြောင့် သူ့ကိုမျက်နှာသာပေးတဲ့အနေနဲ့ ပြောင်းလဲခဲ့တာပါ။ဆောင်းဦးမိုးကောင်းကင်မြို့မှာက အဝါ‌ရောင်အဆင့်ခြောက်သိုင်းဝိညာဉ်ရှိသူက သုံးယောက်တောင်ရှိတဲ့အတွက် တီအန်တာအိုဂိုဏ်းရဲ့ စိတ်ကိုပြောင်းလဲစေဖို့က မလွယ်ကူပါဘူး။ဒီကိစ္စကိုဖြေရှင်းပြီးနောက် ချူးတိုင်ကွန်ဟာ ပျော်ရွှင်စွာနဲ့ မိသားစုကိုပြန်လာခဲ့ပါသည်။ သူ့ရဲ့စိတ်ထဲမှာတော့ ချူးယွန်ရဲ့သိုင်းဝိညာဉ်က အဆင့်တအားမမြင့်ရင်တောင် နိမ့်ကျမှာတော့မဟုပ်ဘူးလို့ ယုံကြည်ထားခဲ့တာပါ။ဒါကြောင့်လဲ စိတ်လှုရှားစွာနဲ့ ချူးယွန်ကိုမိသားစုခေါင်းဆောင်နေရာပေးဖို့ ကြေညာခဲ့တာပါ။ "ယွန်အာ၊ချူးဝမ်ကင်းအစောပိုင်းအချိန်တွေက ငါ့ကိုကြည့်တဲ့အကြည့်တွေကို မင်းသိတယ်မလား?အခုတော့ငါ့ကိုငါကျေနပ်သွားပါပြီ" ချူးတိုင်ကွန်သူ့မျက်ခုံးတွေကိုပင့်လိုက်ပြီး ပူပင်ကြောင့်ကြမဲ့စွာနဲ့ ရယ်မောလိုက်ပါသည်။အခုတော့ သူ့စိတ်ထဲက ဝေဒနာတွေအကုန်လုံး အဝေးကိုလွင့်စင်ပျောက်ကွယ်သွားခဲ့ပါပြီ။ "ချူးဝမ်ကင်းရဲ့စွမ်းအားက ချူးဇန်အပေါ်မှာမူတည်နေတာပါ၊ အဝါရောင်အဆင့်7 တောမီးလျှံဓါးဆိုတာက ကျွန်တော့ရဲ့မျက်စေ့ထဲမှာတော့ ဖော်ပြဖို့တောင်မထိုက်တန်ဘူး" ချူးယန်ခေါင်းကိုခါရမ်းလိုက်ပြီး မေးလိုက်တယ် "ဒါပေမယ့် ကျွန်တော်နားမလည်တာတစ်ခုရှိတယ် အဖေ၊ ကျွန်တော့ရဲ့သိုင်းဝိညာဉ်နိုးထတဲ့အချိန်ထိ စောင့်ပြီးမှ ဘာလို့ တီအန်တာအိုဂိုဏ်းကို မသွားရတာလဲ" ချူးတိုင်ကွန်က ကျယ်လောင်စွာနဲ့ရယ်မောလိုက်ပြီး " ငါ့သား တီအန်တာအိုဂိုဏ်းကိုသွားဖို့က လေးရက်လောက်ကြာမယ်၊သိုင်းဝိညာဥ်နိုးထပြီးတဲ့အချိန်ထိဆိုရင် ငါတို့အချိန်မှီမှာမဟုပ်ဘူး၊ဒါကြောင့် မင်းအဖေက အမြန်ပြေးသွားခဲ့ရတာဟ " ဒီစကားကြားတော့ ချူးယွန်ရဲ့ရင်ထဲမှာ ပူနွေးလာခဲ့ရတယ်။ သူတို့မှာအချိန်မရှိဘူးဆိုတဲ့အချက်အပြင် နောက်ထပ်က သူ့သားကို အလွန်ယုံကြည်မှုရှိခဲ့တာကြောင့်လဲဖြစ်သည်။ သူ့ရဲ့သိုင်းဝိညာဉ်က မနိုးထရသေးပေမယ့်လဲ သူ့အဖေက သူဟာသာမန်လူမဟုပ်ဘူးဆိုတာကို အခိုင်အမာယုံကြည်နေခဲ့တယ်။ဒါကြောင့်လဲ တီအန်တာအ်ုဂိုဏ်းမှာ ယုံကြည်မှုရှိစွာနဲ့ ကြွားဝါပြောဆိုထားခဲ့ပါသေးသည်။ "ယွန်အာ တီအန်တာအိုဂိုဏ်းက နောက်ခုနှစ်ရက်အတွင်းမှာပဲ တပည့်သစ်စုဆောင်းဖို့ ရောက်လာတော့မယ်။ဒီတစ်ခါသူတို့က ခွဲတမ်းသုံးနေရာရှိတယ်လို့ ပြောသံကြားခဲ့တယ်၊ ဒီအခွင့်အရေးကိုအသုံးချပြီး ဒီခုနှစ်ရက်အတွင်းမှာကောင်းကောင်းကျင့်ကြံပြီး မင်းရဲ့အဆင့်ကိုတိုးတက်အောင်ပြုလုပ်ပါ" စိတ်လှုပ်ရှားရာက ပြန်လည်တည်ညိမ်လာပြီးနောက် ချူးယွန်ကို သေချာသတိပေးခဲ့သည်။ ချူးယွန်ဟာ ဘဝနှစ်ခုနေထိုင်ခဲ့ဖူးသူဖြစ်သည့်အလျှောက် ပင်ကိုယ်အားဖြင့် သာမန်ထက်ထူးခြားတဲ့ စိတ်ကူးစိတ်သန်းရှိခဲ့ပါသည်။ "ခုနှစ်ရက်၊ ဒါကလုံလောက်ပါတယ်။အဖေစိတ်ချပါ၊ကျွန်တော်အဖေ့ကိုစိတ်မပျက်စေရပါဘူး" ဟွန်အန်မြို့ထဲကစားသောက်ဆိုင်လေးတစ်ခုရဲ့ သီးသန့်ခန့်တစ်ခုထဲမှာဖြစ်သည်။ချူးမိသားစုရဲ့အကြီးအကဲခေါင်း ချူးဝမ်ကင်းတစ်ယောက် ထိုင်နေပါတယ်။သူဘေးနားမှာတော့ ချူးဇန်နဲ့ ချူးမိသားစုရဲ့ တတိယအကြီးအကဲ ချူးကူအန်းယာတို့ရှိနေကြသည်။ "ဟားဟား...ချူးတိုင်ကွန်က သူ့ရဲ့အသုံးမကျတဲ့သားကိုတော်တော်လေးမျှော်လင့်ထားတာပဲကွ။သူ့သားကဖြင့် သိုင်းဝိညာဉ်တောင်မနိုးထရသေးဘူး ခေါင်းဆောင်ရာထူးပေးဖို့ ကြိုတင်ကြေညာထားလိုက်သေးတယ်" "တီအန်တာအိုဂိုဏ်းရဲ့အရှေ့မှာတောင်မှ သူ့သားကရှားပါးတဲ့ သိုင်းပညာပါရမီရှင်လို့ ကြွားဝါနေခဲ့သလို သိုင်းဝိညာဉ်နိုးထလာရင်တောင်မှပဲ အဆင့်ခြောက်ထက်နိမ့်မှာမဟုပ်ဘူးလို့ ပြောခဲ့သေးတယ်၊ တီအန်တာအိုဂိုဏ်းကလဲ ဒါကိုယုံကြည်ပြီးတော့ တပည့်သစ်စုဆောင်းမယ့်နေရာကို တကယ်ပြောင်းရွှေ့လာခဲ့တယ်လား" ချူးဝမ်ကင်းတစ်ယောက် တက်ကြွတဲ့ကြက်ဖကြီး ဖြစ်နေသလို စိတ်လဲလှုပ်ရှားပျော်ရွှင်နေလေသည်။အကုန်လုံးစကားစမည်ပြောဆိုကြရင်း ပျော်ရွှင်နေကြလေသည်။ချူးဇန်အတွက်ကတော့ အဝါရောင်အဆင့်7နဲ့ နိုးထလာခဲ့တဲ့ တောမီးလျှံဓါးက သူ့ဘဝအတွက်အကြီးမားဆုံး ပျော်ရွှင်ဂုဏ်ယူမှုကြီးဖြစ်သည်။ "တီအန်တာအိုဂိုဏ်းဆိုတာက ငါတို့လိုလူတွေပြစ်မှားဖို့ မတတ်နိုင်တဲ့ တည်ရှိမှုတစ်ခုပဲ၊သူတို့တွေ့ဆုံဖို့လာတဲ့ သူ့သားက အဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်ပဲ နိုးထတယ်ဆိုတာ သိသွားကြရင် သေချာပေါက် အရူးလုပ်သလိုခံစားသွားကြရနိုင်တယ်" ချူးကူအန်းယာက ပုံမှန်အားဖြင့် ချူးဝမ်ကင်းနဲ့အတော်လေးရင်းနှီးတဲ့သူဖြစ်ပြီး အခုချိန်မှာတော့ သူက ပိုမိုပြီးကောင်းပြနေပါသည်။သူ့အနေနဲ့ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ကြောင်း ပြသဖို့ ကြိုးစားနေလေရဲ့။ "အဖေ စဉ်းစားကြည့်စမ်းပါ၊ချူးတိုင်ကွန်က သူ့အဆက်အသွယ်တွေကိုသုံးပြီး တီအန်တာအိုဂိုဏ်းကို ဟွန်အန်မြို့ကိုဖိတ်ခေါ်လာခဲ့တယ်။သူ့သားကအမှိုက်ကောင်ပဲ၊ဒါပေမယ့်ကျွန်တော်ကတော့မတူဘူး၊ကျွန်တော့မှာ အဝါရောင်အဆင့်7သိုင်းဝိညာဉ်ဖြစ်တဲ့ တောမီးလျှံဓါးရှိတယ်။ချူးတိုင်ကွန်အသဲအသန်ကြိုးစားထားခဲ့ရတာတွေက နောက်ဆုံးတော့လဲ ကျွန်တော့အတွက်ပဲ ဖြစ်လာခဲ့ရပြီလေ" ချူးဇန် တစ်ခုခုကိုစဉ်းစားမိသွားသလိုမျိုး သူ့ရဲ့မျက်လုံးထဲမှာ စိတ်လှုပ်ရှားတဲ့ အရိပ်‌အယောင်လေးတစ်ချို့ ဖျတ်ခနဲလတ်သွားခဲ့လေသည်။ပြောရင်း‌ပြောရင်းနဲ့ သူဟာပိုပြီးစိတ်လှုပ်ရှားလာခဲ့လေသည်။ အရင်ကထဲက သူ့ရဲ့စွမ်းရည်အရဆိုရင် တီအန်တာအိုဂိုဏ်းထဲကိုဝင်ဖို့က ပြဿနာတစ်ခုမဟုပ်ပေ၊ဒါပေမယ့် စိတ်မကောင်းစရာက တီအန်တာအိုဂိုဏ်းက သူတို့ရဲ့တပည့်သစ်စုဆောင်းမယ့်နေရာကို ဆောင်းဦးမိုးကောင်းကင်ဂိုဏ်းမှာပြုလုပ်ဖို့ အတည်ပြုလိုက်တာပဲ။မမျှော်လင့်ဘဲ ချူးတိုင်ကွန်ရဲ့ဝင်ရောက်စွတ်ဖက်မှုနဲ့ပဲ သူက တကယ်ကိုပိုကောင်းတဲ့ အခွင့်အရေးတစ်ခုရခဲ့တယ်လေ။ "ဇန်လေး,မင်းမှန်တယ်" ချူးကူအန်းယာကခေါင်းညိမ့်လိုက်ပြီး "ချူးတိုင်ကွန်က ချူးယွန်ဆိုတဲ့အမှိုက်ကောင်အတွက် လမ်းခင်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။နောက်ဆုံးမှာတော့ သူ့အတွက်အကြိုးအမြတ် နဲနဲလေးပဲရခဲ့လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိဘူး" သူစိတ်လှုပ်ရှားစွာနဲ့ပြောဆိုနေတဲ့အချိန်မှာ ချူးဝမ်ကင်းရဲ့မျက်လုံးအစုံဟာလဲ တလက်လက်တောက်ပနေခဲ့သည်။ "ဒါမှန်တယ်၊တီအန်တာအိုဂိုဏ်းက ဟွန်အန်မြို့ကိုတပည့်သစ်စုဆောင်းဖို့လာကြတာက ဇန်အာအတွက်တော့ အင်မတန်ကောင်းမွန်တဲ့အခွင့်အ‌ရေးပဲ။အဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်လေးနဲ့ သူတို့ထွက်လာရင်တကယ်ကိုအရှက်ရကြလိမ့်မယ်၊တီအန်တာအိုဂိုဏ်းကလဲ ချူးတိုင်ကွန်အပေါ်မှာ မကျေမနပ်ဖြစ်သွားကြတော့မပေါ့၊ ဒီအချိန်ရောက်မှ ဇန်အာက အဝါရောင်အဆင့်ခုနစ်သိုင်းဝိညာဉ်ဖြစ်တဲ့ တော်မီးလျှံဓါးကိုထုတ်ဖော်ပြီး လူတိုင်းကိုထိတ်လန့်သွားစေလိမ့်မယ် " "ဒါမှန်တယ်၊ဇန်လေးသာ တီအန်တာအိုဂိုဏ်းထဲကိုဝင်ပြီးသွားရင် ချူးတိုင်ကွန်ကိုစွပ်စွဲဖို့ အကြောင်းပြချက်ကောင်းကောင်း ရလာလိမ့်မယ်။ဒီအခါကျရင် သူ့ရဲ့ခေါင်းဆောင်ရာထူးကို ကြာကြာထိန်းထားနိုင်မှာမဟုပ်တော့ဘူးဆိုတာ သေချာသလောက်ရှိနေပြီ" ပြောပြီး‌နောက် ချူးကူအန်းယာရယ်မောလိုက်တယ်။ "ဟားဟား.. လွန်ခဲ့တဲ့ဆယ်နှစ်က ချူးတိုင်ကွန်မှာမိန်းမတစ်ယောက်ရှိခဲ့ပြီး အဲ နောက်ဆယ်နှစ်ကြာတော့ သူ့သားကအမှိုက်တစဖြစ်လာခဲ့တယ်။ဟော အခုလဲမကြာခင်မှာပဲ တီအန်တာအိုဂိုဏ်းရဲ့ဖိအားပေးမှုကို ရင်ဆိုင်ရဦးမယ်၊ဒီအချိန်မှာ သူပြိုလဲကျသွားဖို့က ငါတို့ဘာမှတောင်‌လုပ်ပေးစရာမလိုတော့ဘူးလေ,ဟုပ်တယ်မလား၊ဟားဟား.... " ချူးဝမ်ကင်းဆို ပြောရင်းနဲ့ဆက်တိုက်ကို ရယ်မောနေခဲ့ပါသည်။ "ဟီးဟီး' ဇန်လေး မင်းတီအန်တာအိုဂိုဏ်းထဲကိုရောက်သွားရင် ငါ့ရဲ့မဆင်မခြင်လုပ်တန်တဲ့ သားကလေးနှစ်ယောက်ကို ကောင်းကောင်းဂရုစိုက်ပေးပါဦးကွယ်" ချူးကူအန်းယာက ချူးဇန်ကို ဝိုက်တစ်ခွက် ငှဲ့ပေးလိုက်ရင်း ပြောလိုက်တယ်။ ချူးဇန်က ရဲဝင့်စွာနဲ့ သူ့ရဲ့လက်တွေကို ဟန်ပါပါဝေ့ယမ်းလိုက်ပြီးနောက်ပြောလိုက်တယ်။ "ဦးလေးယာ ဒီအတွက်တော့စိတ်ချစမ်းပါဗျာ ဒီကိစ္စက အသေးအဖွဲလေးပါဗျ" သူ့ရဲ့စတိုင်မိတဲ့ အပြောအဆို အပြုအမူလေးတွေအရ သူဟာ ဂိုဏ်းထဲကိုတကယ်ရောက်သွားခဲ့သည့်နှယ်ပင် ဖြစ်လို့နေပါတော့သည်။အခန်းထဲကလေထုကလဲ ခနတွင်းချင်းမှာပင် အထွပ်အထိပ်ကို ရောက်လို့လာခဲ့ပါသည်။ "ဒီချူးကလန်ဆိုတာက နောက်ဆုံးမှာ ငါတို့ရဲ့လက်ထဲကိုပဲရောက်လာရလိမ့်မယ်" ချူးဝမ်ကင်းရဲ့မျက်လုံးထဲမှာတော့ အကန့်အသတ်မရှိတဲ့ မဟာ့မဟာရည်မှန်းချက်ကြီးတွေနဲ့ တလက်လက်တောက်ပလို့ နေလေတော့သည်။

Comments

Popular posts from this blog

အကျဉ်းချုပ်

အပိုင်း 1

အပိုင်း 3